March 11, 2012

ဒုတိယအကြိမ် ဆုပေးပွဲ အခမ်းအနား


ဒုတိယအကြိမ် ဆုပေးပွဲ အခမ်းအနား

အခမ်းအနား တက်ရောက်လာကြသော ဧည့်သည်များ...

အခမ်းအနားမြင်ကွင်း

ဆုရေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာ ဦးစိုးလွင်က အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ အတွေ့အကြုံတွေ ကို ရှင်းလင်းတင်ပြနေပုံ

ပညာဒါနအလှူရှင်များအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ ရဲ့ အတွင်းရေးမှူး ကိုဖြိုးဝေကျော်က လည်းအဖွဲ့ရဲ့ ရည်မှန်းချက် ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

အခမ်းအနားမစမီ ဖိတ်ကြားထားသော ဧည့်သည်များအား အချိုပွဲ တည်ခင်းဧည့်ခံ

ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကျေးဇူးတင် ဝမ်းမြောက်ကြောင်းဟြေကြား

ပညာဒါနအလှူရှင်များအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ ရဲ့ ဘဏ္ဍာရေးမှူး မဇင်ယုမေက ငွေစာရင်းရှင်းတမ်း နဲ့ ယခုနှစ်တွက် ရသုံး မှန်းခြေ ငွေစာရင်းကို ဖတ်ကြား ရှင်းလင်း

ပညာဒါနအလှူရှင်များအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ ရဲ့ ဥက္ကဌ ကိုခွန်ဇင်နောင်ထွန်းက အခမ်းအနားဖြစ်မြောက်ခြင်းအတွက် ကျေးဇူးတင်စကား၊ နဲ့ အနာဂတ် လုပ်ငန်းစဉ်များကို တင်ပြပြီး၊ ကျောင်းသားလေးများအတွက် အားပေးစကားများ ဟြေကြားခဲ့ပါသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်နှစ်တာ ပညာသင်ဆုရကျောင်းသားများကို ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။


2011-2012 ပညာသင်နှစ်အတွက် ပညာသင်ဆုရကျောင်းသားများ

တက်ရောက်လာသော အလှူရှင်များနှင့် ကျောင်းသားများ အမှတ်တရ

အလှူရှင်များနှင့်ကျောင်းသားများ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ပညာဒါနအလှူရှင်များအဖွဲ့မှ အလှူရှင်များ၊ ဆုရွေးချယ်ရေးအဖွဲ့မှ ဆရာ ဆရာမများနှင့် ပညာသင်ဆုရကျောင်းသားများ မျက်နှာစုံညီ စည်းဝေးညှိုနှိုင်းခဲ့ကြသည်။

ကိုခွန်ဇင်နောင်ထွန်းက ဆုရွေးချယ်ရေးအဖွဲ့မှ ဆရာများကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။


ဆရာဆရာမများ အရေးပေါ် နာမကျန်းရံပုံငွေ


ဆရာ ဦးစိုးလွင် အာရှတော်ဝင်ဆေးရုံသို့ အရေးပေါ်တက်ရစဉ်
ပညာဒါနအလှူရှင်များအဖွဲ့၏ ဆရာဆရာမများ အရေးပေါ် နာမကျန်းရံပုံငွေမှ အလှူငွေ တစ်သိန်းသွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

September 6, 2011

ဆုရေးချယ်ရေးအဖွဲ့(နောက်ကွယ်က ဇာတ်လမ်းများ)။





ပြီးခဲ့တဲ့အခေါက်က ဆုရွေးချယ်ရေးအဖွဲ့ဆုရွေးချယ်ပုံကို အလျဉ်းသင့်ရင် ရေးပါမယ်လို့ဟြေခဲ့မယ့် မအားတာကတကြောင်း၊ စာရေးကျင့်မရှိတဲ့အတွက် ရေးရမသွက်တာတကြောင်း အချိန်မကြာသင့်ပဲ ကြာနေခဲ့သည်။ တပတ်တခါတောင် ပုံမှန် သတင်းလေးတွေ၊ အကြောင်းအရာလေးတွေ မတင်နိုင်တော့ ကျွန်တော်တို့ ဘလော့နဲ့ Facebook ကို မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ကြမှာလည်း စိုးရသေးသည်။ ယခုကစပြီး အနည်းဆုံးတပတ်ကို တပုဒ်တော့ ကြိုးစားရေးတော့မယ်လို့ စိတ်ကူးထားပါသည်။

ထားပါတော့။ လိုရင်းဟြေရရင် ဆုရွေးချယ်ရေးအဖွဲ့ ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဧဧစိုး က နာယကအဖြစ် ဦးဆောင်ပါဝင်ပြီး ဆရာ ဦးခင်အောင်က ဥက္ကဌ၊ ဆရာဦးစိုးလွင်က အတွင်းရေးမှူး၊ အဖွဲ့ဝင်များအဖြစ် ဆရာ ဦးသိန်းအောင်၊ ဆရာမ ဒေါ်အေးသန်း၊ ဆရာမ ဒေါ်မြင့်မြင့်စိန်တို့နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ရှေ့သတင်းတွေမှာ ဖော်ပြပြီးဖြစ်လို့ သိပြီးကြပြီ ထင်ပါသည်။

ကျွန်တော်တို့ ပညာဒါနအလှူရှင်များအဖွဲ့ အနေနဲ့ ဆုရွေးချယ်ရေးစည်းမျဉ်းများကိုသာ မူချပေးခဲ့ပေမယ့် ရွေးချယ်ပုံကိုတော့ အကြံပြုတာလောက်သာလုပ်ပြီး ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သဘောအတိုင်းဖြစ်စေခဲ့သည်။

လေ့လာရသလောက် ဆုရွေးချယ်ရာမှာ အကြမ်းဖျဉ်း အဆင့်သုံးဆင့်နှင့်သွားတာ တွေ့ရသည်။ ပထမအဆင့်က (၉) တန်းအတန်းပိုင်ဆရာတွေကိုယ်တိုင် သူ့တို့အတန်းထဲမှာရှိတဲ့ ပညာသင်ဆုလျှောက်ချင်တဲ့ ကျောင်းသားတွေထဲက အသင့်တော်ဆုံးကလေးတွေကို ရွေးပြီး ဆုရွေးချယ်ရေးအဖွဲ့ကို လျှောက်လွှာတင်ပေးသည်။(တစ်ခန်းကို သုံးလေးယောက်လောက်တော့ ရှိတတ်သည်။) ဒုတိယအဆင့်က ဆုရွေးချယ်ရေးအဖွဲ့က လျှောက်လွှာရှင် ကျောင်းသားတွေကို ထပ်မံစိစစ်ပြီး လူတွေ့မေးမြန်းသည်။(ဒီအဆင့်ကိုတော့ ကျောင်းရှိ လပတ်စာမေးပွဲတွေ၊ Pre Test တွေပြီးဆုံးချိန်မှာလုပ်လေ့ရှိသည်။) နောက်ဆုံးအဆင့်အနေနှင့် လူတွေ့မေးမြန်းထားတဲ့ကလေးတွေရဲ့ ပညာရေးရာဇဝင်၊ ၉ တန်း တစ်နှစ်တာ စာမေးပွဲရလဒ်တွေ၊ ကျောင်းစည်းကမ်း၊ စာရိတ္တပိုင်း စတာတွေကို ခြုံငုံသုံးသပ်ပြီး ဘုတ်ထိုင်ကာ ငါးဦးကို အပြီးသတ်ရွေးချယ်ခြင်းဖြစ်သည်။

လူတွေ့စစ်ဆေးတဲ့နေ့သည် ကျောင်းသားတွေအတွက် စိတ်လှုပ်ရှားစရာကောင်းသလောက် ဆရာတွေအတွက်လည်း ရင်နာနာနဲ့ အဆုံးအဖြတ်လုပ်ရတဲ့နေ့ဖြစ်သည်။ မှန်ကန်သင့်တော်တဲ့ကလေးကို ရွေးနိုင်ရေးအတွက် ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ နှိုက်နှိုက်ချွတ်ချွတ် ထောင့်စေ့အောင် မေးရတဲ့အပိုင်းတွေရှိလာသည်။ ကလေးတွေအတွက် ဒီပညာသင်ဆုသည် သူတို့ဘဝအမော ရေပြင်ကျယ်မှာ ကယ်တင်ရာ မြက်ပင်သဖွယ်ဖြစ်သည်။ ပညာသင်ဆုရရေးအတွက် သူတို့ဘဝရဲ့ ဝမ်းနည်းစရာ၊ အားငယ်စရာ တွေကို မဖြစ်မနေထုတ်ဟြေရတဲ့အခါ ဘဝမှာ အခါခါမေ့ထားသော ကြေကွဲဖွယ်ဇာတ်လမ်းတွေ၊ အဖြစ်အပျက်တွေ၊ သူတို့လက်ရှိရင်ဆိုင်နေရတဲ့ ရင်နင့်ဖွယ်ရာအခက်အခဲတွေပါလာသည်။ ဟြေရင်းနဲ့ ကလေးအများစုမှာ မျက်ရည်ဖြိုင်ဖြိုင်ကျကြရသည်။ ဆုရွေးချယ်ရေးအဖွဲ့ အနေနဲ့လည်း အနာကို တုတ်နဲ့ဆွသလိုဖြစ်ပေမယ့် မေးရမယ့်ကိစ္စကို ပြီးပြတ်အောင်ရင်နာနာနဲ့ပဲ မေးရသည်။ ကလေးတွေကလည်း ရှိုက်သံတွေကြားကဖြေကြရသည်။ ဆုရွေးချယ်ရေးအဖွဲ့ပင် မျက်ရည်ကျသူကျ၊ အသံတုန်သူတုန်ဖြစ်ကြရသည်။ ဆရာတွေနဲ့ ကျောင်းသားတွေကြားက သံယောဇဉ်ပင်။ ဆရာဦးခင်အောင်ကတော့ “ငါကွာ…့ သနားတာနဲ့ အကုန်လုံးကိုပေးလိုက်ချင်တာပဲ ရွေးရအတော်ခက်တယ်ကွာ” ဟု ညည်းညည်းညူညူ ဟြေဖူးပါသည်။

အမှန်ကလူတွေ့စစ်တဲ့အဆင့်ထိ ရောက်လာတဲ့ကလေးတွေအကုန်လုံးက ရသင့်ရထိုက်သော ကလေးတွေချည်းဖြစ်သည်။ သူတို့ထဲတွင် မိဘနှစ်ပါးလုံး မရှိတော့သူတွေ၊ မကျန်းမာတဲ့ဖွားအေနဲ့ နေရတဲ့ကလေးတွေ၊ ဆွေမျိုးနီးစပ်က စောင့်ရှောက်ထားပေမယ့် ကိုယ့်ကျောင်းစရိတ်ကိုရှာနေရတဲ့ကလေးတွေ…စသဖြင့် စသဖြင့် မျိုးစုံအောင်ပါသည်။ ဒီကလေးတွေ အများကြီထဲက ငါးယောက်ကိုသာရွေးပြီး ကျန်တဲ့ကလေးတွေကို မဖြစ်မနေ မျက်ကွယ်ပြုရတဲ့အခါ၊ သူတို့ရဲ့ မျက်ရည်စိုနေတဲ့ မျှော်လင့်ချက်မျက်ဝန်းလေးတွေကို လျစ်လျူရှုရတဲ့အခါ ဆုရေးချယ်ရေးအဖွဲ့အနေနဲ့ ဆရာများပီပီ ဘယ်လိုခံစားရမယ်ဆိုတာ ခန့်မှန်းကြည့်တာနဲ့ သိနိုင်ပါသည်။ တချို့ကလေးတွေက စာပိုတော်ပေမယ့် ထောက်ပံ့မယ့် ဆွေမျိုးနီးစပ်မျိုး ရှိလို့၊ တချို့ကလေးေ တွကျတော့ အတော်လေးချို့တဲ့ပေမယ့် စာဘက်မှာ အတော်လေး နိမ့်ကျနေလို့ စသည်ဖြင့် ချန်ထားခဲ့ရသည်။

ဆုရကျောင်းသားငါးဦးစာရင်းကို ထုတ်ပြန်ပြီးချိန်မှာတော့ ဆုရတဲ့ကျောင်းသားတွေကလည်း ဝမ်းသာလွန်းလို့ မျက်ရည်တွေကျရပြန်သည်။ သူတို့နောက်နှစ်တက်မယ့် တက္ကသိုလ်ဝင်တန်းအတွက် ရာနှုန်းပြည့် ပညာသင်ဆုရတော့မည်ဖြစ်သည်။ ဘဝအမောတွေကို တနှစ်စာတော့ မေ့ထားပြီး အစွမ်းကုန်ကြိုးစားခွင့်ရတော့မည်။ မျှော်လင့်ချက်အားအင်တွေလည်း တိုးလို့လာပေပြီ။

အရွေးချယ်မခံရတဲ့ကလေးတွေကလည်း သူတို့ကို ဆုရွေးချယ်ရေးအဖွဲ့က ကျိုးကြောင်းရှင်းပြတဲ့အခါ၊ အတန်းပိုင်ဆရာတွေကဝိုင်းဝန်း နှစ်သိမ့်ကြတဲ့အခါ ဝမ်းနည်းမှုနှစ်ဆတက်ခါ ရှိုက်ကြီးတငင်ငိုကြရပြန်သည်။ ဒါပေမယ့်မတတ်နိုင်။ ဆုရွေးချယ်ရေးအဖွဲ့ကလည်း ပညာဒါနအလှူရှင်များအဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ဦးရေကိုသာ ရွေးချယ်ပေးရခြင်းဖြစ်သည်။ ကျွန်တော်တို့ ပညာဒါနအလှူရှင်များအဖွဲ့ကလည်း ကောက်ခံရရှိငွေပေါ်မူတည်ပြီးတော့ ပေးနိုင်သလောက်သာ ပေးရခြင်းဖြစ်သည်။ သူတို့ကလေးတွေ သံတွေခဲ တွေလို လောကဓံရဲ့ အပူရှိန်ပြင်းပြင်းနဲ့ ထုထောင်းတဲ့ ဒဏ်တွေအောက်မှာ ပိုပြီးထက်မြက်မာကြောလာပါစေလို့သာ ကြိတ်ပြီးဆုတောင်းပေးရပေတော့မည်။

ဆုရေးချယ်ရေးအဖွဲ့ကလည်း ရွေးချယ်လိုက်တဲ့ကလေးတွေအတွက် ဝမ်းသာရသလို မတတ်သာလို့ ချန်ခဲ့ရတဲ့ကလေးတွေအတွက်လည်း ရင်နာနေရဦးမှာ မလွဲပါ။ လုပ်ဖော်ကိုင်ဖက် ဆရာဆရာမတွေရဲ့ ကောင်းတာရော မကောင်းတာရော ဝေဖန်တာတွေကိုလည်း ခံကြရသည်။ ဒါပေမယ့် သူတို့လုပ်ရမယ့် အလုပ်ကို အဂတိကင်းကင်းနဲ့အကောင်းဆုံးလုပ်ခဲ့လို့ လိပ်ဟြတော့ အမြဲလုံနေမှာဖြစ်သည်။

ဒီလိုနဲ့ပဲ ဒုတိယအကြိမ်အောင်မြင်သွားပြန်ပါပြီ။ နောင်နှစ်နောင်နှစ်တွေအတွက်ပြင်ဆင်ရင်းရှေ့ဆက်ကြရပေဦးမည်။

July 24, 2011

၂၀၁၁-၂၀၁၂ ပညာသင်နှစ် အလှူငွေ ရသုံးမှန်းခြေ ငွေစာရင်း


အလှူငွေကောက်ခံခြင်း မပြီးသေးသော်လည်း သတ်မှတ်ထားသည့်အတိုင်း ရသုံးမှန်းခြေငွေစာရင်းကို ထုတ်ပြန်လိုက်ပါသည်။

တချို့ လစဉ်ထည့်ဝင်နေသော အလှူရှင်များ နှင့် ဟြေထားပြီး မကောက်ခံရသေးသော
အလှူရှင်များ ကျန်နေပါသေးသည်။ ထို့ကြောင့် ၄င်း ကျန်ရှိသည်များကို
နောက်ဆက်တွဲအဖြစ် နှစ်ကုန် ငွေစာရင်း ရှင်းတမ်းတွင်သာ ထပ်မံဖော်ပြတော့မည်
ဖြစ်ပါသည်။ ထည့်ဝင်လှူဒါန်းကြသောအလှူရှင်းများကို
ကျေးဇူးအထူးတင်ရှိပါသည်။

ရသုံးမှန်းခြေ ငွေစာရင်းသည် ရရှိလာသော
အလှူငွေပေါ်မူတည်ပြီး အလှူရှင်အဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ၊အတွင်းရေးမှူး၊
ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှစ် ကျောင်းရှိဆုရေးချယ်ရေးအဖွဲ့တို့ တိုင်ပင်ကာ
တနှစ်တာ သုံးစွဲမည့် ပမာဏကို ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပါသည်။
တနှစ်တာ ကုန်ဆုံးချိန်တွင် ငွေစာရင်းရှင်းတမ်း ဟူသော ခေါင်းစဉ်ဖြင့်
မနှစ်ကအတိုင်း ထပ်မံ တင်ပြသွားပါမည်။
ရ/သုံးမှန်းခြေငွေစာရင်းနှင့် ပတ်သတ်ပြီး မရှင်းလင်းသည်များရှိက
အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

2010-2011 ပညာသင်နှစ်အောင်ရှုံးသတင်း

အောင်စာရင်းထွက်ပြီ

၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ဆယ်တန်းအောင်စာရင်း ပြီးခဲ့တဲ့လ က ထွက်ပါတယ်။ ပညာသင်ဆု ရရှိတဲ့ ကျောင်းသား ငါးဦးအနက် လေးယောက်အောင်ပြီး တစ်ယောက်ကျ ခဲ့ပါတယ်။

အောင်သူများ

မောင်ဝေလွင်ဖြိုး

မဆုနေခြည်သိန်း

မဝင်းသန္တာနွေး

မဇာဖြူလင်း

ကျရှုံးသူ

မခိုင်သဇင်ထွန်း

ဘဝတစ်ဆစ်ချိုးစာမေးပွဲမှာ အောင်သွားကြသော ကျောင်းသားများအတွက် ဝမ်းသာပီတိဖြစ်ရသလို ကျကျန်ခဲ့တယ် ညီမငယ်အတွက် အထူးပင် စိတ်မကောင်းဖြစ်မိပါသည်။

အမှန်တော့ ဒီရလဒ် ဟာ အလှူရှင်များကိုလည်း စိတ်မချမ်းမသာ ဖြစ်ကောင်းဖြစ်စေပါလိမ့်မည်။ ဆုရွေးချယ်ရေးအဖွဲ့ကလည်း အလှူရှင်အဖွဲ့ ကို မျက်နှာပူနေမှာမလွဲပင်။ ကျွန်တော် ဆုရေးချယ်ရေးအဖွဲ့နဲ့ ပထမအကြိမ် အစည်းအဝေးလုပ်တုန်းက ဘယ်လိုကျောင်းသားတွေကို ရွေးပေးရမလဲ ဟု ရွေးချယ်ရေးမူနဲ့ပတ်သတ်ပြီး ဆရာတွေက မေးခဲ့ကြသည်။ ကျွန်တော် ပထမတခါဟြေတော့ သူတို့ နားရှုပ်သွားကြသည်။ ရှင်းရှင်းဟြေပါ ဆင်းရဲတဲ့ ကလေးကို အဓိကရွေးပေးရမလား စာတော်တဲ့ ကလေးကို အဓိကရွေးပေးရမလားလို့ တိတိပပ မေးလာပါသည်။ သူတို့မေးတာလည်း သဘာဝတော့ကျသည်။ ယေဘုယျ အားဖြင့် စာတော်သောကလေးသည် ကျွန်တော်တို့ အကူအညီယူရလောက်အောင်မဆင်းရဲကြသလို ကျောင်းနေရန် အလွန်အခက်အခဲ ရှိသည်ဆိုသောကလေးသည် စာမတော်နိုင်ကြပါ။ ကျွန်တော်ဆရာတွေကို ခုလို ထပ်ရှင်းပြခဲ့ရပါသည်။ ကျွန်တော်တို့ ပညာဒါနအလှူရှင်အဖွဲ့ပေးချင်တာက ဘဝမှာ အရေးကြီးတဲ့ ဒီဆယ်တန်းကို တက်ဖို့ အလွန်အင်မတန် အခက်အခဲရှိတဲ့ကျောင်းသားတွေကိုပါ။ ဒါပေမဲ့ ဒီကလေးတွေက စာကို စိတ်မဝင်စားဘဲ ဆိုးပေတေ နေတယ်ဆိုတာတော့ မဖြစ်စေချင်ဘူး။ ဒါ့ကြောင့် ပညာဆက်လက်သင်ကြားရန် အမှန်တကယ်အခက်အခဲ ရှိသူ၊ ပညာလိုချင်စိတ်အထူးပြင်းပြပြီး ရည်မှန်းချက်ကြီးမားသူ လို့ မူချထားခြင်းဖြစ်ကြောင်း အသေးစိတ်ရှင်းပြခဲ့ရသည်။ ဆရာတစ်ဦးက တကယ်လို့ သူတို့ရွေးပေးတဲ့ ကလေးတွေ ကျခဲ့ရင်ကော လို့မေးလာပါတယ်။ ဒါမေးသင့်တဲ့မေးခွန်းပါပဲ။ ကျွန်တော်ကတော့ အမှန်တကယ် အခက်ခဲရှိတဲ့ ကျောင်းသားတွေထဲက အကောင်းဆုံး ငါးဦးကိုရွေးပေးပါ။ ကျွန်တော်တို့က ဟြေထားတဲ့အတိုင်း အကောင်းဆုံးပံ့ပိုးပေးမယ်။ အောင်တာကျတာကတော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံတရားအပေါ်မူတည်ပါလိမ့်မယ်လို့ ဟြေခဲ့ပါသည်။

ချုပ်ရရင် ဆုရွေးချယ်ရေးအဖွဲ့သည် ကျွန်တော့်ရဲ့ လက်ပေါက်ကပ်လှတဲ့ မူဘောင်ထဲကနေ အကောင်းဆုံးငါးဦးကို ခက်ခက်ခဲခဲရွေးချယ်ပေးခဲ့ပါသည်။(တကယ့်ကို ခက်ခက်ခဲခဲပါ။အလျင်းသင့်ရင် ဒီအကြောင်းထပ်ရေးပါဦးမယ်) ခုလိုတစ်ယောက် ခြေချော်လက်ချော်ကျခဲ့တဲ့အတွက် ဆုရွေးချယ်ရေးအဖွဲ့က ကျွန်တော်တို့ကို အားနာသလို ကျွန်တော်ကလည်း အားတက်သရော လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကို မျက်နှာပူပါသည်။ သို့သော် ဒီကလေးတွေသည် အလှူရှင်တွေရဲ့ အကူအညီသာ မရခဲ့ရင် အောင်နိုင်ခြေ မရှိသလောက်နည်းသည်မှာ သေချာပါသည်။ တကယ်စာတော်ပါသည် ဆိုသော ကျောင်းသားပင် စာမေးပွဲကျတတ်သည့်သဘောရှိရာ ကျွန်တော်တို့ရွေးချယ်ထားသော ကျောင်းသားငါးယောက်အနက် တစ်ယောက်ကျသည် ဆိုသည်မှာ မျှော်လင့်ထားသင့်သော ရလဒ်သာဖြစ်ပါသည်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ပွဲဦးထွက်ခြေလှမ်းသည် ၈၀% အောင်မြင်သည်ဟုသာ အကောင်းဖက်က လှည့်တွေးမိပါတော့သည်။

May 23, 2011



လေးစားအပ်ပါသော အလှူရှင်များခင်ဗျား-
၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ငွေစာရင်းရှင်းတမ်း အနှစ်ချုပ်ကို ပူးတွဲပေးပို့ လိုက်ပါတယ်။ စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်...။
၂၀၁၁-၂၀၁၂ပညာသင်နှစ် အတွက်အလှူငွေကောက်ခံခြင်းကို ယခုလ(မေလ) ကုန်လျှင် အပြီးသတ်ပြီး စာရင်းချုပ်တော့မှာဖြစ်ပါတယ်။အလှူငွေကောက်ခံ ရရှိမှု နဲ့ လျာထား သုံးငွေစာရင်း(ရသုံးမှန်းချေငွေစာရင်း)ကို လကုန်ရင် ထုတ်ပြန်ပါမယ်။ ထို့ကြောင့် စာရင်းပိတ်ပြီးမှ ကောက်ခံ ရရှိသော အလှူငွေများကို နောက်ဆက်တွဲအဖြစ် နှစ်ကုန်မှသာ ပူးတွဲ စာရင်းချုပ်တော့မှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

လေးစားစွာဖြင့်
ခွန်ဇင်နောင်ထွန်း

March 13, 2011

အလှူငွေထည့်ရန်နှိုးဆော်ခြင်း

လေးစားအပ်ပါသော ပညာဒါနအလှူရှင်များခင်ဗျား
၂၀၁၀-၂၀၁၁ ပညာသင်နှစ် ပညာသင်ဆု ပေးအပ်ခြင်း အစီအစဉ် အောင်မြင်ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပါပြီ။ ချို့တဲ့သော်လည်း ပညာကို အထူးကြိုးစားပြီး ရည်မှန်းချက် ကြီးမားကြတဲ့ ညီ/ညီမလေးတွေရဲ့ အနာဂတ်တံခါးပေါက်ကို အလှူရှင်များရဲ့ ချွေးနဲစာလှူဒါန်းငွေများနဲ့ ကူညီဖွင့်လှစ် ပေးနိုင်ခဲ့ပါပြီ။ စာမေးပွဲခန်း အတွင်းက ပြုံးပန်းဝင့်ပြီး ထွက်လာကြတဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေကို မြင်လိုက်ရရင် တို့အလှူ ငွေလေးဟာဖြင့် တကယ်အကျိုးရှိစွာပဲ ကလေးတွေရဲ့ ၁၀တန်းဆိုတဲ့ မဟာတံတိုင်းကြီးကို ကူညီဖြိုဖျက် ပေးခဲ့ပါလားဆိုပြီး ပိတီတွေ တဖွားဖွားပေါ်လာမိမှာ အမှန်ပါပဲခင်ဗျား။ အလှူငွေများကို အားတက်သရော ထည့်ဝင်ပေးခဲ့ကြတဲ့ အလှူရှင်အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွက် အထွေထွေ ကုန်ကျစားရိတ် အသေးစိတ်ကို မကြာခင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ယခုလာမယ့်နှစ်အတွက် အလှူငွေများကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ကောက်ခံနေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စုံလင်စွာ ကောက်ခံနိုင်မှု မရှိသေးဘဲ နှောင့်နှေးနေခဲ့ပါတယ်။ အထက ဒိုက်ဦး ဆုရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးထားသော ဆုရကျောင်းသားများကို ဧပြီလ အတွင်းမှာစတင် ဆုပေးအပ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလှူရှင်များအနေဖြင့် အလှူငွေများကို မတ်လ နောက်ဆုံးထားပြီး ထည့်ဝင်ပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်။
ကလေးတစ်ဦးရဲ့ တစ်နှစ်စာခန့်မှန်းကုန်ကျငွေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • ကျူရှင်လခတစ်နှစ်စာအပြီး - ၂၅၀၀၀၀ကျပ်
  • ကျောင်းစားရိတ် - ၃၀၀၀၀ကျပ်
  • ယူနီဖောင်း - ၁၀၀၀၀ကျပ်
  • ပြင်ပဝတ်စုံ - ၆၀၀၀ကျပ်
  • စာအုပ်နှင့်စာရေးကိရိယာ - ၂၀၀၀၀ကျပ်

စုစုပေါင်း ၃၁၆၀၀၀ကျပ် ဖြစ်ပါသည်။
ထို့ကြောင့် ဆုရကျောင်းသား ငါးဦးအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျငွေမှာ ၁၅၈၀၀၀၀ကျပ် (တစ်ဆယ့်ငါးသိန်းရှစ်သောင်းကျပ်) ဖြစ်ပါသည်။
မှတ်ချက်။ ။ဤခန့်မှန်းကုန်ကျငွေမှာ အတွင်းရေးမှူး ကိုဇေယျာထွန်းက ကျောင်းရှိဆုရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာဦးစိုးလွင်၊ပြင်ပစာသင်ဝိုင်းများနှင့် တွေ့ဆုံညှိုနှိုင်း၍ တင်ပြလာခြင်း အပေါ် ဘဏ္ဍာရေးမှူး၊ စာရင်းစစ်တို့နှင့်တိုင်ပင်ကာ အတည်ပြုထားခြင်းဖြစ်ပါသည်။ အလှူငွေများကို အောက်ပါအလှူရှင်များထံသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ကိုထင်ကျော်လင်း (စင်္ကာပူ) ph.+65 911 37 555 (chinesehkl@gmail.com)
ကိုအောင်ဟိန်းဇော်(ရုရှား) (aungheinzaw46@gmail.com)
ကိုအာကာထက်(ဂျပန်) (arkarhtet09@gmail.com)
မဖြူဖြူကြွယ်(ဂျပန်) (ph.080 664 8268) (phyuphyukywe@gmail.com)
မနန်းအေးမြတ်မွန်(ရန်ကုန်)(ph.09 730 88 750)(nanayemyatmon@gmail.com)
မပန်းမိုမိုမောင်(ပုံ့ပုံ့) (ရန်ကုန်)(ph.095082988)(pannmomomaung@gmail.com)
ကိုဇေယျာထွန်း(ဒိုက်ဦး)
လိပ်စာ-ကောင်လေးအထည်ဆိုင်၊ဈေးရုံအတွင်း၊ဒိုက်ဦးမြို့။
(ph.09 4944 2093)
တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

ခွန်ဇင်နောင်ထွန်း